Cold Blood (2019)


                Cold Blood (2019)




ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/lY3N
File size - 855.04Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/dBQ2hO
File size - 395.94Mb


Download လုပ်ရန်ခက်ခဲမရှိစေရန်
Gplink ဝင်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် >> https://youtu.be/mfQhgDGaP_E
Cold Blood (2019)
*************
Unicode
°°°°°°°°
Unicode၂၀၁၉ ထွက် Thriller/Action ဇာတ်ကားလေးပါ။ နာမည်ကျော်လူသတ်သမားတွေလည်း အချိန်တန်ရင်တော့အေးချမ်းစွာဘဝကိုဖြတ်သန်းချင်တာပဲမှတ်လား။ ခုသူလည်းအဲ့လိုပဲ လူသူဝေးတဲ့တစ်နေရာမှာ ဘဝကိုအေးချမ်းစွာ
အနားယူတော့မယ်လို့ဆုံးဖြတ်ပြီးကာမှ . . . သူ့ဆီကို အမှတ်မထင်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်ကြောင့်သူ့ရဲ့အခြေအနေတွေဟာ ပြောင်းလဲခဲ့ရတယ်။ Accident တစ်ခုကြောင့်ရောက်လာခဲ့တဲ့ အမျိုးသမီး တစ်ယောက်မှာသူမထင်ထားတဲ့ အကြံတွေပါလာခဲ့သလားဆိုတာကတော့ . . . ဇာတ်ကားကိုကြည့်ကြည့်မှပဲသိနိုင်ပါမယ်။
Review CM
Crd Link


Zawgyi
°°°°°°°°°°
Unicode၂၀၁၉ ထြက္ Thriller/Action ဇာတ္ကားေလးပါ။ နာမည္ေက်ာ္လူသတ္သမားေတြလည္း အခ်ိန္တန္ရင္ေတာ့ေအးခ်မ္းစြာဘဝကိုျဖတ္သန္းခ်င္တာပဲမွတ္လား။ ခုသူလည္းအဲ့လိုပဲ လူသူေဝးတဲ့တစ္ေနရာမွာ ဘဝကိုေအးခ်မ္းစြာ
အနားယူေတာ့မယ္လို႔ဆုံးျဖတ္ၿပီးကာမွ . . . သူ႕ဆီကို အမွတ္မထင္ေရာက္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ေၾကာင့္သူ႕ရဲ႕အေျခအေနေတြဟာ ေျပာင္းလဲခဲ့ရတယ္။ Accident တစ္ခုေၾကာင့္ေရာက္လာခဲ့တဲ့ အမ်ိဳးသမီး တစ္ေယာက္မွာသူမထင္ထားတဲ့ အႀကံေတြပါလာခဲ့သလားဆိုတာကေတာ့ . . . ဇာတ္ကားကိုၾကည့္ၾကည့္မွပဲသိနိုင္ပါမယ္။
Review CM
Crd Link


Kak Limah’s Ghost 2018


Kak Limah’s Ghost 2018






Unicode
********
အရှေ့တောင်အာရှဟာသသရဲကားကြိုက်နှစ်သက်သူတွေအတွက် ဒါကတော့ မလေးဟာသသရဲကားလေးပါ
ကန်ပန်ပီဆန်ဆိုတဲ့ ရွာလေးမှာ Kak Limahနဲ့Khuda ဆိုသူတို့ဟာ လက်ထပ်လိုက်ကြပါတယ်
လက်ထပ်ပြီး မကြာခင်မှာပဲ Kak Limah ဆုံးသွားပါတယ်
ကက်လီမာ သေသွားပြီး ရွာလေးရဲ့ဆေးခန်းမှာ အလောင်းကရှိနေပေမယ့် Kak Limahရဲ့အိမ်မှာလဲ Kak Limahတစ်ယောက်ရှိနေပြီး Khudaရဲ့ သူငယ်ချင်းတွေကို ပိန်းဥပြုတ်တောင် လုပ်ကျွေးနေပါသေးတယ်
ဒါဆို ပိန်းဥပြုတ်နေတဲ့ Kak Limahပဲ မသေသေးပဲ တစ်ကယ်ရှိနေတာလား အလောင်းကပဲ တစ်ခြားသူနဲ့မှားနေတာလား ဆိုတာ Yeh သွားစစ်ပါတော့တယ်
အဲ့နောက်ပိုင်းမှာ တစ်လွဲတွေ စတော့တာပါပဲ Kak Limahက တစ်ကယ်ပဲ သေသွားတာလား
ဒါဆို ပိန်းဥပြုတ်နေတဲ့ Kak Limahကရော ဘာကြီးလဲဆိုတာ ဒီကားလေးကြည့်ပြီး ရယ်မောရင်း အဖြေရှာကြပါတော့
Review Crd
Crd Link




Zawgyi
********

အေရွ႕ေတာင္အာရွဟာသသရဲကားႀကိဳက္ႏွစ္သက္သူေတြအတြက္ ဒါကေတာ့ မေလးဟာသသရဲကားေလးပါ
ကန္ပန္ပီဆန္ဆိုတဲ့ ႐ြာေလးမွာ Kak Limahနဲ႕Khuda ဆိုသူတို႔ဟာ လက္ထပ္လိုက္ၾကပါတယ္
လက္ထပ္ၿပီး မၾကာခင္မွာပဲ Kak Limah ဆုံးသြားပါတယ္
ကက္လီမာ ေသသြားၿပီး ႐ြာေလးရဲ႕ေဆးခန္းမွာ အေလာင္းကရွိေနေပမယ့္ Kak Limahရဲ႕အိမ္မွာလဲ Kak Limahတစ္ေယာက္ရွိေနၿပီး Khudaရဲ႕ သူငယ္ခ်င္းေတြကို ပိန္းဥျပဳတ္ေတာင္ လုပ္ေကြၽးေနပါေသးတယ္
ဒါဆို ပိန္းဥျပဳတ္ေနတဲ့ Kak Limahပဲ မေသေသးပဲ တစ္ကယ္ရွိေနတာလား အေလာင္းကပဲ တစ္ျခားသူနဲ႕မွားေနတာလား ဆိုတာ Yeh သြားစစ္ပါေတာ့တယ္
အဲ့ေနာက္ပိုင္းမွာ တစ္လြဲေတြ စေတာ့တာပါပဲ Kak Limahက တစ္ကယ္ပဲ ေသသြားတာလား
ဒါဆို ပိန္းဥျပဳတ္ေနတဲ့ Kak Limahကေရာ ဘာႀကီးလဲဆိုတာ ဒီကားေလးၾကည့္ၿပီး ရယ္ေမာရင္း အေျဖရွာၾကပါေတာ့
Review Crd
Crd Link

ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/wZAwNfU
File size - 790.94Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/lPdW
File size - 374.11Mb


Download လုပ်ရန်ခက်ခဲမရှိစေရန်
Gplink ဝင်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် >> https://youtu.be/mfQhgDGaP_E
>>

Che: Part One(2008)


Che: Part One(2008)



ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/vOBY0vI
File size - 2.36Gb(fastload)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/ZEVEm2
File size - 1.22Gb(fastload)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/DH60A
File size - 405.48Mb(fastload)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/IMCZjy
File size - 2.36Gb(Yandex)



ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/YK3R9Uu
File size - 1.22Gb(yandex)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/fhU0iu
File size - 405.48Mb(Yandex)



Download လုပ်ရန်ခက်ခဲမရှိစေရန်
Gplink ဝင်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် >> https://youtu.be/mfQhgDGaP_E
>>


Yandex linkမှာDownload ရာတွင်အဆင်ပြေအောင် Yandex app မှာ အကောင့်ဖွင့်ပြီး Downပါ



Che: Part One(2008)
***********
[ရသျပည့္၀စြာ ခံစားႏိုင္ေစရန္ Blu-Ray 1080p5.1ch,720p တို႔ျဖင့္ျပည့္စုံစြာတင္ဆက္ေပးထားပါသည္…..](Spoiler ျဖစ္မည္စိုးရိမ္သူမ်ားမဖတ္ဘဲ ေဒါင္းၾကပါ..ကြ်န္ေတာ့္အျမင္ေျပာရရင္ဒီအၫႊန္းေလးဖတ္ၿပီးၾကည့္ရတာပိုၿပီးျပည့္စုံမည္ဟု ထင္ျမင္ေသာေၾကာင့္ ထည့္သြင္းေဖာ္ျပေပးထားျခင္းျဖစ္ပါသည္….)(DatShin Movie Page မွ ကူးယူေဖာ္ျပသည္….
Unicode
********
၁၉၅၆ ခုနှစ် . . ။
ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး Fidel Castro (ဖီဒယ် ကပ်စ်ထရို)၊ ဆရာဝန် ပျောက်ကျား စစ်သည်တော်ကြီး Che Guevara (ချေဂွေဗားရား) တို့ ပါဝင်တဲ့ အယောက် ၈၀ တပ်ဖွဲ့ငယ်လေးပါ . . . ။သူတို့ဟာ တစ်ချိန်မှာ ကမ္ဘာ့သမိုင်းရဲ့ အင်မတန်ဆန်းကျယ်လှပ သေသပ်တဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲတော့မှာ ဖြစ်တယ်။
______________________________“ Che ”(part one – Argentine / part two – Guerrilla)
___________________×× _____________* ဒါရိုက်တာ *Che ဆိုတဲ့ ဟောဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကြီး ဟာ Steven Soderbergh ရိုက်ကူးခဲ့ပြီး၂၀၀၈ ခုနှစ်မှာ အပိုင်း ၂ ပိုင်း ခွဲလို့ ထွက်ခဲ့ပါတယ်။ ပထမပိုင်းနာမည်က Che Part One : Argentine ဖြစ်ပြီး ဒုတိယပိုင်းအမည်က Che Part Two : Guerrilla ပါတဲ့။အားလုံးသိထားတဲ့အတိုင်းပဲ Che (ချေဂွေဗားရား) ဆိုတာ ကမ္ဘာကြီးရဲ့ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်၊ ဆရာဝန်၊ ပျောက်ကျားစစ်ဆင်ရေး ပညာရှင်၊ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ Che ကို မသိကြတဲ့သူတွေ များပေမယ့် t shirt တွေ စတစ်ကာတွေပေါ်မှာ ကြယ်နီ ပါတဲ့ ဦးထုပ်အပြားလေးဆောင်းထားတဲ့ မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ ဘဲကြီးကိုတော့ လူတိုင်း မြင်ဖူးပြီးသားပါ။ အဲ့ဒါ Che ပါပဲ။Che ဟာ ကျျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးလူသားတွေထဲက တစ်ယောက်ပါ။ အားလုံးမြင်ဖူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံဟာဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံး ဓာတ်ပုံလို့ကို ပညာရှင်များက တစ်ညီတညွှတ် သတ်မှတ်ထားပါတယ်။ သူက အာဂျင်တီးနားမှာမွေးတယ်။ ကျူးဘား (Cuba) ကို သွားပြီး တော်လှန်ရေး လုပ်တယ်။ ကျူးဘား က စစ်အာဏာရှင်ကြီး ကို အပြုတ်ဖြုတ်ခဲ့တယ်။ Che မှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ်။ ကျူးဘားအမျိုးသားခေါင်းဆောင်ကြီး Fidel Castro ရဲ့ သွေးသောက်ရဲဘော်ညီရင်းအစ်ကို ဖြစ်တယ်။တော်လှန်ရေးကြီး အောင်မြင်သွားချိန်မှာတော့ Che ဟာ ကျူးဘား တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို တာဝန်ယူပေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ Che ဟာ နိုင်ငံတကာ တော်လှန်ရေးသင်္ကေတ တစ်ခုလိုကို ဖြစ်လာတယ်။ သူ့ကို ဘုရားလို ကိုးကွယ်ကြတဲ့သူတွေ ထုနဲ့ ထည်နဲ့ ရှိတယ်။ဒီလောက် ကြီးကျယ်ခန်းနားတဲ့ Che ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘယ်လိုရိုက်မှာတုန်း?? ဖြစ်ပါ့မလား??အရင်ဆုံး ပြောချင်တာက ဒီ ရုပ်ရှင် ဒီ ဒါရိုက်တာရဲ့ ရိုးသားမှု ပါပဲ။ဒီရုပ်ရှင်မှာ ဒါရိုက်တာဟာ Che ကို ဘာမှ စာမဖွဲ့ထားဘူး။ ဘုရားသခင်လိုလည်း အားလုံးပြည့်စုံပါ၏ မလုပ်ထားဘူး။ အတတ်နိုင်ဆုံး ဘယ်မျက်နှာမှ မလိုက်ပဲ အရှိအတိုင်း ရိုးရိုးလေး ဇာတ်ကားကို သယ်ဆောင်ပြသွားတယ်။Che ဟာ ရိုးရှင်းပြီး ပြတ်သားတယ်။ ဒါကိုပဲ focus လုပ်သွားတယ်။ စကားအပို သိပ်မပြောဘူး။ စစ် တိုက်ရင်တိုက်နေမယ်။ ဒါမှ မဟုတ် စာဖတ်ရင် ဖတ်နေမယ်။ တစ်ခါတစ်လေ သူ့ တပ်သားတွေကို ဆဲနေမယ်။ တစ်ခါတစ်လေ ဆုံးဖြတ်ချက် အမှားတွေချမိနေတယ်။ တစ်ခါတလေ မိန်းမနဲ့ သားသမီးတွေနဲ့ ပျော်ပျော်ရွင်ရွင် အချိန်ကုန်နေမယ်။ ဒီလောက်ပဲ။Che ကို ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေသယောင် မလုပ်ပြထားဘူး။ ကျူးဘားရဲ့ ကျေးဇူးရှင်ဖခင်ကြီးလိုလည်း မဖန်ဆင်းထားဘူး။ Che ရုပ်ရှင်ဟာ Che လိုပဲ ရှင်းတယ်။ ရိုးတယ်။တကယ်တော့ Che ရဲ့ အလုပ်တွေ ဖြတ်သန်းမှုတွေက နည်းတာကြီးမဟုတ်ပါဘူး။ ပြမယ်ဆို series လိုက်ကြီး စိန်နေအောင် ပြလို့ရတယ်။ ဒါပေမယ့် ဒါရိုက်တာဟာ သူ လိုသလောက်ပဲ Che ဘဝ တစ်ချို့ကို ကောက်နုတ်ပြသွားတယ်။ဒါရိုက်တာ Steven Soderbergh ဟာ Sex , Lies , Videotapes ဆိုတဲ့ရုပ်ရှင်နဲ့ ၁၉၈၉ မှာ အသက်အငယ်ဆုံး Palm D Ore ဆု ကို ဆွတ်ခူးခဲ့တယ်။ ဒီမှာတော့ Ocean Twelve တို့ Ocean Eleven တို့ စတဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးတဲ့သူ များပါတယ်။ အဲ့ဒါ ဒီဘဲကြီး ရိုက်တဲ့ ကားတွေပါပဲ။ Ocean Franchise တစ်ခုလုံး သူရိုက်ခဲ့တယ်။ Traffic လို အော်စကာတန်းဝင် ရုပ်ရှင်ကားကြီးတွေလည်း ဖန်တီးခဲ့တယ်။ခြုံပြောရရင် Che ရုပ်ရှင်ဟာ ဒါရိုက်တာ Steven ရဲ့ directing ပညာအောက်မှာ ရိုးရှင်းတည်ငြိမ်နေတယ်။ ဘာ တီထွင်ဆန်းသစ်မှုမှ မပါဘူး။ တကယ့်ကို ရှင်းရှင်းလေး။×××××××××××* ဇာတ်ညွှန်း *ရုပ်ရှင်ရဲ့ ပထမပိုင်း – Che နဲ့ Fidel Castro တို့ တွေ့ဆုံကြရာကနေ ကျူးဘားတိုင်းပြည်ကြီးကို နောက်ဆုံး အာဏာရှင်အစိုးရ မပြုတ်ပြုတ်အောင် ဗျင်းကြတဲ့ အထိ ကို တွေ့မြင်ရမှာပါ။ ၁၉၆၄ မှာ ကျူးဘားနိုင်ငံကိုယ်စား UN စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်းပြောနေတဲ့ Che ရယ် . . . ၁၉၅၆ တောက်လျှောက်မှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးသမားကြီး Che ရယ် . . ဆိုတဲ့ Che ရဲ့ life event နှစ်ခုကို ယှဉ်ပြီး ပြထားပါတယ်။ရုပ်ရှင်ရဲ့ ဒုတိယပိုင်း – ၁၉၆၆ နောက်ပိုင်း။ Fidel Castro က တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောနေတယ်။ Che ဟာ ကျူးဘား အစိုးရအဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုတဲ့အကြောင်း။ နောက်တစ်နေ့မှာတော့ ထိပ်ပြောင်ပြောင်နဲ့ အမွှေးမရှိ အမျှင်မရှိအောင် ရုပ်ဖျက်ထားတဲ့ Che ဟာ ဘိုလီးဗီးယား (Bolivia) တိုင်းပြည်ထဲကို တိတ်တိတ်ကလေးရောက်သွားပြီး တော်လှန်ရေးအသစ်တစ်ခုကို စတင်ဖို့ ပြင်နေပါတော့တယ်။(Guerrilla ဆိုတဲ့စကားလုံးကို Part Two မှာ တောက်လျှောက်တွေ့ရလိမ့်မယ်။ အဲ့ဒါက သိတဲ့သူအဖို့တော့ မခက်ခဲပေမယ့် မသိတဲ့ သူများအတွက် နည်းနည်း ရှင်းပြ ပါရစေ။ Guerrilla Warfare ဆိုတာ နိုင်ငံတကာ တော်လှန်ရေးလို့ အလွယ်ဆုံး ဘာသာပြန်လို့ရပါတယ်။ Che ဟာ ကျူးဘားတော်လှန်ရေးပြီးတဲ့နောက်မှာ တခြားနိုင်ငံတွေရဲ့ တောနက်ကြီးထဲဝင်ပြီး လက်နက်ဆွဲကိုုင်လို့ အဲ့ဒီနိုင်ငံတွေရဲ့ အာဏာရှင်အသီးသီးကို လိုက် ချေမှုန်းဖို့ လုပ်ပါတယ်။ အဲ့လို ကိုယ့်နိုင်ငံသူ့နိုင်ငံမခွဲခြားပဲ လက်နက်ကိုင် တော်လှန်ရေး လိုက်လုပ်တဲ့ ရဲဘော်များရဲ့ လှုပ်ရှားမှုကို Guerrilla Warfare လို့ ခေါ်ပါတယ်။ Part Two မှာ Che က ဘိုလီးဗီးယားကို ရောက်သွားတာ Guerrilla Movement ကို ဦးဆောင်ဖို့ပါ)Che ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို လူသုံးယောက် ဝိုင်းရေးပေးခဲ့တယ်။ Peter Buchman ရယ် Benjamin A. van der Veen ရယ် Terrence Malick ရယ်ပါ။ ဆရာကြီး သုံးယောက်ရဲ့ လက်ရာက Che ရုပ်ရှင်ကို အကြီးအကျယ် ရုပ်လုံးကြွ ပြည့်စုံ သွားစေခဲ့တယ်။ကျွန်တော်ပြောခဲ့သလိုပဲ။ Che ဆိုတာ အပြင်လောကမှာ ဘယ်လောက် ကြီးကျယ်နေပါစေ။ ဒီ ရုပ်ရှင်မှာတော့ သာမန်လူသားတစ်ယောက်ပါပဲ။ ဇာတ်လမ်းအစမှာတင် ပန်းနာရင်ကျပ်ရောဂါသည် Che ဟာ တောကြီးမျက်မည်းထဲမှာ အသက်တောင် ကောင်းကောင်းမရှုနိုင်တော့လို့ သူ့ရဲဘော်က သူ့အိတ်ကို ဝိုင်းသယ်ပေးရတဲ့ အဖြစ်။တစ်ဖွဲ့လုံး Maxico မှာ စစ်ပညာသင်ထားခဲ့ပေမယ့် တကယ့် လက်တွေ့တော်လှန်ရေးဆင်နွှဲတဲ့အခါမှာတော့ Che တို့ တစ်သိုက် တိုင်ပတ်နေခဲ့ကြတယ်။ အရေးထဲ Fidel ကြီးက အားရပါးရ ချိန်ပြီး ရန်သူကို ပစ်ထည့်လိုက်တာ အလွဲကြီးလွဲသွားသေး . . . ။ဒါပေမယ့် Che တို့ရဲ့ ဦးဆောင်မှု တိုးတက်ပြောင်းလဲမှုအောက်မှာ လူ ၈၀ နဲ့ စ ခဲ့တဲ့ တော်လှန်ရေးလေးက တဖြည်းဖြည်း ကြီးပြင်းလာတာကို ဒီကားမှာ မြင်သလောက် မြင်ရမယ်။Che ရွာသားတွေကို ကိုယ့်မိသားစုဝင်များပမာ ဆက်ဆံကြတယ်။ ပိုက်ဆံမပေးပဲ ရွာသားတွေဆီက ဘာ ပစ္စည်းမှ ယူခွင့်မရှိဘူး။ တော်လှန်ရေးလုပ်တဲ့ သူပုန်တပ်ဆိုပေမယ့် အရမ်းစည်းကမ်းရှိတယ်။ မုဒိန်းမှုသာ ကျူးလွန်ကြည့်ပါလား။ ချက်ချင်း သေဒဏ်ပေးခံရမယ် အဲ့စစ်သား . . ။“ ဆရာ . . ရန်သူ့တပ်က အတော် စနစ်ကျတယ်။ ဆေးရုံတောင် ရှိတယ် ” ဆိုတဲ့ အာဏာရှင်ဘက်က တပ်မှူးရဲ့ ပြောစကားကို ဒီကားမှာ ကြားရမယ်။အဲ့ဒါတွေထက် ပိုကြီးအရေးကြီးတာ တစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ ဒီကားကို စစ်ကားလို့ ယူဆပြီး ကြည့်မယ့်သူတွေကို ပြောချင်တာပါ။ အမှားကြီး မှားသွားပါလိမ့်မယ်နော်။ ဘာလို့ဆိုတော့
စစ်ကားမို့ ပစ်တာခတ်တာ ဗုန်းကွဲတာတွေကို အရမ်းလှတဲ့ shot တွေနဲ့ စစ်သားတွေ စတိုင်မိမိ ပြေးလွှားနေတာတွေ လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။“ သတင်းထောက်။ ။ တော်လှန်ရေးကို ဘယ်လိုမြင်ပါသလဲ
Che ။ ။ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာဓာတ် မရှိပဲ တော်လှန်ရေးကို လုပ်ကို လုပ်လို့မရပါဘူး ”ဟုတ်ပါတယ်။ အဲ့အတိုင်းပါပဲ။ Che ရဲ့ စကားလိုပါပဲ . . ဒီ ဇာတ်ညွှန်းကြီးတစ်အုပ်လုံးမှာလည်း ချစ်ခြင်းမေတ္တာ၊ လူသားဆန်မှု၊ အမှား အမှန်၊ ရွာသားတွေနဲ့ တော်လှန်ရေးစစ်သားတွေရဲ့ ဆက်ဆံရေး၊ အထူးဖြင့် Che ရဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဘဝကိုသာ မြင်ရမှာပါ။တစ်ခါတလေ စစ်ပွဲ တစ်ပွဲလုံးကို သေနတ်ပြောင်းက ကျည်ထွက်နေတာပဲ ပြပြီး ပြီးရင်လည်း ပြီးသွားပါတယ်။ စစ် တကယ်ဖြစ်နေတာကို ပြရင်လည်း ရိုးရိုးရှင်းရှင်းကြီးပဲ ပြပါတယ်။ ဘာမှ မကွန့်ထားဘူး။ဒီကားရဲ့ ဇာတ်ညွှန်းဟာ . . not about ဒုန်းဒုန်းဒက်ဒက် ပါ။ it’s about loving kindness ပါဗျာ . . ။
ဒီတော့ ချခန်းပါမှ ကြိုက်မယ်ဆိုရင်တော့ Che က ရှောင်သင့်တဲ့ ကားပါ။×××××××××××* သရုပ်ဆောင်များ *ကျွန်တော်တို့ချစ်ရတဲ့ Che နေရာမှာ သရုပ်ဆောင်သူကတော့ Benicio Del Toro ပါ။Benicio ကို ဒီမှာတော့ Sicario ရုပ်ရှင်နှစ်ကားနဲ့ လူသိများတယ်။ Infinity War မှာ The Collector အနေနဲ့လည်း သိကြလိမ့်မယ်။
Che ဆိုတဲ့ global icon ကြီးကို တာဝန်ယူ သရုပ်ဆောင်ရတဲ့သူဖြစ်လာတဲ့အတွက် Benicio အတွက် ကြောက်စရာကောင်းလောက်အောင် တာဝန်ကြီးပါတယ်။
ဒါပေမယ့် Benicio ဟာ Che ဖြစ်လာခဲ့တယ်။ Benicio ဟာ အသံ၊ ရုပ်၊ ကိုယ်လုံး စတဲ့ လိုအပ်သမျှ အပြောင်းအလဲတွေ အကုန်လုပ်ထားတယ်။ Che ဆိုတဲ့ ပုဂ္ဂိုလ်ကို သေချာ လေ့လာထားတယ်။ Che ရဲ့ စိတ်အတွင်းသန္တာန်ထဲထိ သူ ဝင်ကြည့်လို့ရသလောက် ဝင်ကြည့်ထားပုံရတယ်။သူတို့နှစ်ယောက်က မျက်နှာပေါက်ဆင်သလား ဆိုတော့ အရမ်းမဆင်ပါဘူး။ နီးစပ်တယ်ဆိုရုံလောက်ပါပဲ။ ဒါပေမယ့် Benicio က မိတ်ကပ်၊ physical changes တွေရဲ့ အကူအညီလည်း ယူခဲ့သလို စိတ်ဝိညာဉ်ချင်းလည်း ကူးလူးခဲ့ပါတယ်။ Benicio နဲ့ Che ဘယ်လောက် လိုက်ဖက်တယ်ဆိုတာကို ဒီကားမှာ မြင်ရမှာပါ။ဒါရိုက်တာဟာ ရုပ်ချွတ်ဆွတ်တူတဲ့သူကို ဦးစားပေးပြီး Audition တွေခေါ်နေရင် Benicio လို တကယ့် talented ဖြစ်တဲ့ သရုပ်ဆောင်နဲ့ လွဲတော့မှာပေါ့။ ဒီကားကို ကြည့်ရင်း နားလည်လိုက်တာကတော့ ဖြစ်ရပ်မှန်အထုပ္ပတ္တိ ရုပ်ရှင်တွေမှာ casting လုပ်တဲ့အခါ ရုပ်တူတာထက် ပိုအရေးကြီးတဲ့အရာတွေ အများကြီး ရှိတယ်ဆိုတာပါပဲ။တိုက်ပွဲကို လာ ဆက်သွယ်ပြီး ပါဝင်ချင်ပါတယ်ဆိုတဲ့ ၁၆ နှစ်သား ကလေးတွေကို Che တစ်ယောက် ခေါင်းခါပြီး အိမ်ပြန်ခိုင်းပုံတွေ . . ရွာသားတွေကို ဆေးကုပေးနေပုံတွေ . . အားလပ်ချိန်တိုင်း စာထိုင်ဖတ်နေသူတွေ . . လက်ကို မြောက်မြောက်ပြီး အားနဲ့မာန်နဲ့ အသံအေးအေးနဲ့ စကားပြောနေတာတွေ စတဲ့ မြင်ကွင်းတွေကို ကျွန်တော်တို့ဟာ Che ဘေးမှာ သွားထိုင်ကြည့်နေရသလို တကယ် ခံစားပြီး ကြည့်ရမှာပါ။ ရုပ်ရှင်ဆန်တဲ့ drama ခင်းတာတွေ over တွေ မျက်လုံးမှေးပြီး တိုင်းပြည်အတွက် ဘယ်လောက်ချစ်ကြောင်းပြောတာတွေ . . အံကြိတ်ပြီး နိုင်ငံရေးတရား အတုံးလိုက်အတစ်လိုက်ဟောပြတာတွေ တစ်ခုမှ မြင်ရမှာ မဟုတ်ပါဘူး။Che တစ်ယောက် ကောင်းရင်လည်းကောင်းမယ်။ ဆိုးချင်လည်း ဆိုးမယ်။ ကိုယ် စီးလာတဲ့ မြင်းကို ဒေါသထွက်ပြီး သတ်ချင်လည်း သတ်ပစ်မယ်။ ဒါ အမှန်တရားပဲ။
အဲ့ဒါဟာ ဒီမင်းသားရဲ့ acting ပညာ အလှတရားလည်း ဖြစ်ပါတယ်။ တန်ခိုးရှင်မဟုတ်တဲ့ အရမ်းလူသားဆန်တဲ့ Che ပါ ဗျာ . . ။Fidel Castro အဖြစ် သရုပ်ဆောင်တဲ့ Demián Bichir . . ကိုလည်း အရမ်းသဘောကျတယ်။ လေးနက်မှုအပြည့််နဲ့ Che နဲ့ စကားပြောနေတာတွေကို မြင်နေရတာ လွန်ခဲ့တဲ့ နှစ် ၅၀ – ၆၀ ဝန်းကျင်က ကျူးဘားက သွေးသောက် ညီအစ်ကိုနှစ်ယောက်ရဲ့ chemistry ကို ဆဝါးခွင့်ရတယ်။“ မင်းကို ငါတို့ ဆုံးရှုံးမခံနိုင်ဘူး။ မင်းက ငါတို့အတွက် အရမ်း အရေးကြီးတယ်။ အဲ့တော့ ရှေ့အရမ်းမထွက်ပါနဲ့။ ဒါ အမိန့်ပဲ . . . ”ဆိုတဲ့ Fidel က Che ကို အမိန့်ပေးတဲ့ scene ခုထိ မျက်လုံးထဲက မထွက်ဘူး။တခြား ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်ကြတဲ့ လက်တင်၊ ဟောလီးဝုတ် မင်းသားတွေ မင်းသမီးတွေကိုလည်း သဘောကျတယ်။ သူတို့ကြောင့်သာ ကျူးဘားတော်လှန်ရေးကြီးကို မျက်စိရှေ့မြင်နေရသလို ခံစားရတာပါ။Che အပါအဝင် သူတို့အားလုံးဟာ လက်တွေ့မကျတဲ့ သေနတ် နှစ်လက် ကိုင်ပစ်တာမျိုး၊ ကျွမ်းထိုးပြီး ပစ်တာမျိုး စတဲ့ အက်ရှင်ကားထဲက အကွက်တွေကို ဘယ်သူမှ မလုပ်ကြဘူး။ သေနတ်တွေ မနိုင့်တနိုင်ထမ်းရင်း တတ်နိုင်သလောက် တော်လှန်ရေးလုပ်နေကြတဲ့ စိတ်ထားဖြူစင်စည်းကမ်းရှိတဲ့ ရဲဘော်တွေကိုပဲ မြင်ရတယ်။×××××××××××××××* Cinematography (ရုပ်ရှင်ဓာတ်ပုံ) *Che Movie ရဲ့ Cinematography ကို တာဝန်ယူသူကတော့ ဒီကားရဲ့ ဒါရိုက်တာ ကိုယ်တိုင်ပါပဲ။ ဒါရိုက်တာတဖြစ်လဲ Cinematographer ဟာ ဒီကားရဲ့ camera works တွေကို အရိုးရှင်းဆုံးပုံစံပဲ လုပ်ခဲ့ပါတယ်။ စစ်တိုက်နေချိန်တွေမှာကအစ stay shots (ငြိမ်နေတဲ့ရိုက်ချက်) တွေ လှိုင်နေအောင် သုံးတယ်။ tracking / handheld shots တွေကိုတောင် Part Two မှာမှ တွေ့ရတယ်။ ကင်မရာကို stay ထောင်ထားပြီး ကင်မရာထဲက တော်လှန်ရေးတပ်သားတွေ လှုပ်ရှားသွားလာ နေကြတဲ့ မြင်ကွင်းကို ဒီကားမှာ အမြဲမြင်ရမှာပါ။ပျင်းစရာကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ကျွန်တော်ကတော့ ဒီဇာတ်ကားနဲ့ လိုက်ဖက်တဲ့ camera works မျိုးလို့ ယူဆပါတယ်။ Cinematography ဆိုတာ လှအောင် ရိုက်လေ ကောင်းလေ မဟုတ်ပါဘူးပဲ ရုပ်ရှင်နဲ့ လိုက်ဖက်တဲ့ ရိုက်ကူးမှု ကင်မရာလှုပ်ရှားမှုမျိုးကို ဖန်တီးနိုင်မှသာ ကောင်းတယ်လို့ ယူဆနိုင်တာပါ မဟုတ်ဘူးလားဗျာ။××××××××××××တစ်ခါသားမှာ တိုက်ပွဲတစ်ပွဲကို Che တို့ နိုင်သွားလို့ နောက်တစ်မြို့ကို စစ်ကားတွေနဲ့ ချီတက်ကြတယ်။ ရဲဘော်တစ်ယောက်က ကား အကောင်းစားကြီးမောင်းလာတာကို Che က တွေ့သွားပြီး အဲ့ကားနောက် အမှီလိုက်တယ်။ ရပ်ခိုင်းတယ်။ ပြီးတော့ ကားကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ခိုင်းတယ်။“ မင်းတို့ကောင်တွေကို ဘယ်သူက သူခိုး လုပ်ဖို့ ခွင့်ပေးထားလဲ . . . ?? အခု ယူခဲ့တဲ့မြို့မှာ ကား ကို ပြန်သွားထား။ ပြီးရင် ဘတ်စကား စီးရင်စီး စစ်ကား စီးရင်စီး . . မဟုတ်လည်း ခြေကျင်အတိုင်း ဆက် လိုက်ခဲ့ ။ စောက်ရေးမပါတာ . . ”ဆိုပြီး စိတ်ပျက်လက်ပျက် ညည်းနေတဲ့ Che ကို မြင်ရပါလိမ့်မယ်။အဲ့ဒီ scene ကို ကြည့်ခြင်းအားဖြင့် Che တို့ တော်လှန်ရေး ဘယ်လောက်စည်းကမ်းရှိတယ် ဘယ်လောက် သေဝတ်ပိပြားတယ်ဆိုတာကို မြင်နေရတယ်။ သူတို့ တော်လှန်ရေး ဘယ်လောက် ကောင်းကြောင်း တစ်ခွန်းမှ မပြောသွားပါဘူး။ ဒါပေမယ့် ဒီလူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တဲ့ တော်လှန်ရေးကို ခင်ဗျား ခံစားရလိမ့်မယ်။ ဒီလူတွေရဲ့ ပြည်သူပေါ် တန်ဖိုးထားမှုကို မြင်ရလိမ့်မယ်။လူ့သမိုင်းရဲ့ အကောင်းဆုံးတော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုခံစားဖို့ ဝါသနာပါတယ်ဆိုရင်တော့ Che နှစ်ပိုင်းလုံးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ မကြည့်လည်း ရပါတယ်။ Che ကို အနီးကပ် မမြင်ဖူးရုံပဲ ရှိမပေါ့ . . ။
Review Crd
Crd Link




zawgyi
******
၁၉၅၆ ခုႏွစ္ . . ။
႐ြက္ေလွေလး တစ္စီးဟာ ပင္လယ္ထဲမွာ တအိအိ ေ႐ြ႕ေနတယ္။ ေလွေလးက ခပ္ေသးေသးပါပဲ။ တကယ္တန္း ဆန႔္တာက ၁၂ ေလာက္ထိပဲ ဆန႔္တာ။ လြန္ေရာကြၽန္ေရာ ၂၅ ေယာက္ ေပါ့။ ဒါေပမယ့္ ေလွေပၚမွာ လူ အေယာက္ ၈၀ ထိ ပါလာတယ္။အဲ့ဒီ႐ြက္ေလွေလးဟာ တကယ့္အျပင္မွာ ရွိခဲ့ပါတယ္။ ႐ြက္ေလွေပၚက လူ အေယာက္ ၈၀ က လည္း တကယ္ ရွိခဲ့ပါတယ္။ အျခားသူေတြေတာ့ မဟုတ္ပါဘူး။ ေႏွာင္တစ္ခ်ိန္မွာ တစ္ကမာၻလုံးကို ကိုင္လႈပ္ပစ္ေတာ့မယ့္ ရဲေဘာ္ ကပ္ပတိန္ႀကီး Fidel Castro (ဖီဒယ္ ကပ္စ္ထ႐ို)၊ ဆရာဝန္ ေပ်ာက္က်ား စစ္သည္ေတာ္ႀကီး Che Guevara (ေခ်ေဂြဗားရား) တို႔ ပါဝင္တဲ့ အေယာက္ ၈၀ တပ္ဖြဲ႕ငယ္ေလးပါ . . . ။သူတို႔ဟာ တစ္ခ်ိန္မွာ ကမာၻ႔သမိုင္းရဲ႕ အင္မတန္ဆန္းက်ယ္လွပ ေသသပ္တဲ့ ေတာ္လွန္ေရးႀကီးကို ဆင္ႏႊဲေတာ့မွာ ျဖစ္တယ္။
______________________________“
Che ”(part one – Argentine / part two – Guerrilla)
___________________×× _____________* ဒါ႐ိုက္တာ *Che ဆိုတဲ့ ေဟာဒီ ျဖစ္ရပ္မွန္ ႐ုပ္ရွင္ႀကီး ဟာ Steven Soderbergh ႐ိုက္ကူးခဲ့ၿပီး၂၀၀၈ ခုႏွစ္မွာ အပိုင္း ၂ ပိုင္း ခြဲလို႔ ထြက္ခဲ့ပါတယ္။ ပထမပိုင္းနာမည္က Che Part One : Argentine ျဖစ္ၿပီး ဒုတိယပိုင္းအမည္က Che Part Two : Guerrilla ပါတဲ့။အားလုံးသိထားတဲ့အတိုင္းပဲ Che (ေခ်ေဂြဗားရား) ဆိုတာ ကမာၻႀကီးရဲ႕ နာမည္ႀကီး ေတာ္လွန္ေရးေခါင္းေဆာင္၊ ဆရာဝန္၊ ေပ်ာက္က်ားစစ္ဆင္ေရး ပညာရွင္၊ တိုင္းျပဳျပည္ျပဳ ပုဂၢိဳလ္ႀကီး တစ္ေယာက္ပါ။ Che ကို မသိၾကတဲ့သူေတြ မ်ားေပမယ့္ t shirt ေတြ စတစ္ကာေတြေပၚမွာ ၾကယ္နီ ပါတဲ့ ဦးထုပ္အျပားေလးေဆာင္းထားတဲ့ မုတ္ဆိတ္ပါးသိုင္းေမႊးနဲ႔ ဘဲႀကီးကိုေတာ့ လူတိုင္း ျမင္ဖူးၿပီးသားပါ။ အဲ့ဒါ Che ပါပဲ။Che ဟာ က်ြၽန္ေတာ္တို႔ လူသားမ်ိဳးႏြယ္ရဲ႕ အေကာင္းဆုံးလူသားေတြထဲက တစ္ေယာက္ပါ။ အားလုံးျမင္ဖူးထားတဲ့ သူ႔ရဲ႕ ဓာတ္ပုံဟာဆိုရင္ ကမာၻ႔နာမည္အႀကီးဆုံး ဓာတ္ပုံလို႔ကို ပညာရွင္မ်ားက တစ္ညီတၫႊတ္ သတ္မွတ္ထားပါတယ္။ သူက အာဂ်င္တီးနားမွာေမြးတယ္။ က်ဴးဘား (Cuba) ကို သြားၿပီး ေတာ္လွန္ေရး လုပ္တယ္။ က်ဴးဘား က စစ္အာဏာရွင္ႀကီး ကို အျပဳတ္ျဖဳတ္ခဲ့တယ္။ Che မွာ ပန္းနာရင္က်ပ္ေရာဂါ ရွိတယ္။ က်ဴးဘားအမ်ိဳးသားေခါင္းေဆာင္ႀကီး Fidel Castro ရဲ႕ ေသြးေသာက္ရဲေဘာ္ညီရင္းအစ္ကို ျဖစ္တယ္။ေတာ္လွန္ေရးႀကီး ေအာင္ျမင္သြားခ်ိန္မွာေတာ့ Che ဟာ က်ဴးဘား တိုင္းျပည္ရဲ႕ အေရးႀကီးတဲ့ ဝန္ႀကီးေနရာေတြကို တာဝန္ယူေပးတယ္။ တိုင္းျပည္ျပဳျပင္ေျပာင္းလဲေရးကို အႀကီးအက်ယ္ လုပ္ေပးခဲ့တယ္။ ေနာက္ပိုင္းမွာ Che ဟာ ႏိုင္ငံတကာ ေတာ္လွန္ေရးသေကၤတ တစ္ခုလိုကို ျဖစ္လာတယ္။ သူ႔ကို ဘုရားလို ကိုးကြယ္ၾကတဲ့သူေတြ ထုနဲ႔ ထည္နဲ႔ ရွိတယ္။ဒီေလာက္ ႀကီးက်ယ္ခန္းနားတဲ့ Che ရဲ႕ အေၾကာင္းကို ႐ုပ္ရွင္႐ိုက္မယ္ဆိုေတာ့ ဘယ္လို႐ိုက္မွာတုန္း?? ျဖစ္ပါ့မလား??အရင္ဆုံး ေျပာခ်င္တာက ဒီ ႐ုပ္ရွင္ ဒီ ဒါ႐ိုက္တာရဲ႕ ႐ိုးသားမႈ ပါပဲ။ဒီ႐ုပ္ရွင္မွာ ဒါ႐ိုက္တာဟာ Che ကို ဘာမွ စာမဖြဲ႕ထားဘူး။ ဘုရားသခင္လိုလည္း အားလုံးျပည့္စုံပါ၏ မလုပ္ထားဘူး။ အတတ္ႏိုင္ဆုံး ဘယ္မ်က္ႏွာမွ မလိုက္ပဲ အရွိအတိုင္း ႐ိုး႐ိုးေလး ဇာတ္ကားကို သယ္ေဆာင္ျပသြားတယ္။Che ဟာ ႐ိုးရွင္းၿပီး ျပတ္သားတယ္။ ဒါကိုပဲ focus လုပ္သြားတယ္။ စကားအပို သိပ္မေျပာဘူး။ စစ္ တိုက္ရင္တိုက္ေနမယ္။ ဒါမွ မဟုတ္ စာဖတ္ရင္ ဖတ္ေနမယ္။ တစ္ခါတစ္ေလ သူ႔ တပ္သားေတြကို ဆဲေနမယ္။ တစ္ခါတစ္ေလ ဆုံးျဖတ္ခ်က္ အမွားေတြခ်မိေနတယ္။ တစ္ခါတေလ မိန္းမနဲ႔ သားသမီးေတြနဲ႔ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ အခ်ိန္ကုန္ေနမယ္။ ဒီေလာက္ပဲ။Che ကို ကိုယ္ေယာင္ကိုယ္ဝါ ေတာက္ပေနသေယာင္ မလုပ္ျပထားဘူး။ က်ဴးဘားရဲ႕ ေက်းဇူးရွင္ဖခင္ႀကီးလိုလည္း မဖန္ဆင္းထားဘူး။ Che ႐ုပ္ရွင္ဟာ Che လိုပဲ ရွင္းတယ္။ ႐ိုးတယ္။တကယ္ေတာ့ Che ရဲ႕ အလုပ္ေတြ ျဖတ္သန္းမႈေတြက နည္းတာႀကီးမဟုတ္ပါဘူး။ ျပမယ္ဆို series လိုက္ႀကီး စိန္ေနေအာင္ ျပလို႔ရတယ္။ ဒါေပမယ့္ ဒါ႐ိုက္တာဟာ သူ လိုသေလာက္ပဲ Che ဘဝ တစ္ခ်ိဳ႕ကို ေကာက္ႏုတ္ျပသြားတယ္။ဒါ႐ိုက္တာ Steven Soderbergh ဟာ Sex , Lies , Videotapes ဆိုတဲ့႐ုပ္ရွင္နဲ႔ ၁၉၈၉ မွာ အသက္အငယ္ဆုံး Palm D Ore ဆု ကို ဆြတ္ခူးခဲ့တယ္။ ဒီမွာေတာ့ Ocean Twelve တို႔ Ocean Eleven တို႔ စတဲ့ ႐ုပ္ရွင္ေတြကို ၾကည့္ဖူးတဲ့သူ မ်ားပါတယ္။ အဲ့ဒါ ဒီဘဲႀကီး ႐ိုက္တဲ့ ကားေတြပါပဲ။ Ocean Franchise တစ္ခုလုံး သူ႐ိုက္ခဲ့တယ္။ Traffic လို ေအာ္စကာတန္းဝင္ ႐ုပ္ရွင္ကားႀကီးေတြလည္း ဖန္တီးခဲ့တယ္။ၿခဳံေျပာရရင္ Che ႐ုပ္ရွင္ဟာ ဒါ႐ိုက္တာ Steven ရဲ႕ directing ပညာေအာက္မွာ ႐ိုးရွင္းတည္ၿငိမ္ေနတယ္။ ဘာ တီထြင္ဆန္းသစ္မႈမွ မပါဘူး။ တကယ့္ကို ရွင္းရွင္းေလး။×××××××××××* ဇာတ္ၫႊန္း *႐ုပ္ရွင္ရဲ႕ ပထမပိုင္း – Che နဲ႔ Fidel Castro တို႔ ေတြ႕ဆုံၾကရာကေန က်ဴးဘားတိုင္းျပည္ႀကီးကို ေနာက္ဆုံး အာဏာရွင္အစိုးရ မျပဳတ္ျပဳတ္ေအာင္ ဗ်င္းၾကတဲ့ အထိ ကို ေတြ႕ျမင္ရမွာပါ။ ၁၉၆၄ မွာ က်ဴးဘားႏိုင္ငံကိုယ္စား UN စင္ျမင့္ေပၚတက္ၿပီး မိန႔္ခြန္းေျပာေနတဲ့ Che ရယ္ . . . ၁၉၅၆ ေတာက္ေလွ်ာက္မွာ ေသနတ္ကိုင္ထားတဲ့ ေတာ္လွန္ေရးသမားႀကီး Che ရယ္ . . ဆိုတဲ့ Che ရဲ႕ life event ႏွစ္ခုကို ယွဥ္ၿပီး ျပထားပါတယ္။႐ုပ္ရွင္ရဲ႕ ဒုတိယပိုင္း – ၁၉၆၆ ေနာက္ပိုင္း။ Fidel Castro က တစ္ႏိုင္ငံလုံးကို မိန႔္ခြန္းေျပာေနတယ္။ Che ဟာ က်ဴးဘား အစိုးရအဖြဲ႕ကေန ႏႈတ္ထြက္သြားၿပီဆိုတဲ့အေၾကာင္း။ ေနာက္တစ္ေန႔မွာေတာ့ ထိပ္ေျပာင္ေျပာင္နဲ႔ အေမႊးမရွိ အမွ်င္မရွိေအာင္ ႐ုပ္ဖ်က္ထားတဲ့ Che ဟာ ဘိုလီးဗီးယား (Bolivia) တိုင္းျပည္ထဲကို တိတ္တိတ္ကေလးေရာက္သြားၿပီး ေတာ္လွန္ေရးအသစ္တစ္ခုကို စတင္ဖို႔ ျပင္ေနပါေတာ့တယ္။(Guerrilla ဆိုတဲ့စကားလုံးကို Part Two မွာ ေတာက္ေလွ်ာက္ေတြ႕ရလိမ့္မယ္။ အဲ့ဒါက သိတဲ့သူအဖို႔ေတာ့ မခက္ခဲေပမယ့္ မသိတဲ့ သူမ်ားအတြက္ နည္းနည္း ရွင္းျပ ပါရေစ။ Guerrilla Warfare ဆိုတာ ႏိုင္ငံတကာ ေတာ္လွန္ေရးလို႔ အလြယ္ဆုံး ဘာသာျပန္လို႔ရပါတယ္။ Che ဟာ က်ဴးဘားေတာ္လွန္ေရးၿပီးတဲ့ေနာက္မွာ တျခားႏိုင္ငံေတြရဲ႕ ေတာနက္ႀကီးထဲဝင္ၿပီး လက္နက္ဆြဲကိုုင္လို႔ အဲ့ဒီႏိုင္ငံေတြရဲ႕ အာဏာရွင္အသီးသီးကို လိုက္ ေခ်မႈန္းဖို႔ လုပ္ပါတယ္။ အဲ့လို ကိုယ့္ႏိုင္ငံသူ႔ႏိုင္ငံမခြဲျခားပဲ လက္နက္ကိုင္ ေတာ္လွန္ေရး လိုက္လုပ္တဲ့ ရဲေဘာ္မ်ားရဲ႕ လႈပ္ရွားမႈကို Guerrilla Warfare လို႔ ေခၚပါတယ္။ Part Two မွာ Che က ဘိုလီးဗီးယားကို ေရာက္သြားတာ Guerrilla Movement ကို ဦးေဆာင္ဖို႔ပါ)Che ႐ုပ္ရွင္ရဲ႕ ဇာတ္ၫႊန္းကို လူသုံးေယာက္ ဝိုင္းေရးေပးခဲ့တယ္။ Peter Buchman ရယ္ Benjamin A. van der Veen ရယ္ Terrence Malick ရယ္ပါ။ ဆရာႀကီး သုံးေယာက္ရဲ႕ လက္ရာက Che ႐ုပ္ရွင္ကို အႀကီးအက်ယ္ ႐ုပ္လုံးႂကြ ျပည့္စုံ သြားေစခဲ့တယ္။ကြၽန္ေတာ္ေျပာခဲ့သလိုပဲ။ Che ဆိုတာ အျပင္ေလာကမွာ ဘယ္ေလာက္ ႀကီးက်ယ္ေနပါေစ။ ဒီ ႐ုပ္ရွင္မွာေတာ့ သာမန္လူသားတစ္ေယာက္ပါပဲ။ ဇာတ္လမ္းအစမွာတင္ ပန္းနာရင္က်ပ္ေရာဂါသည္ Che ဟာ ေတာႀကီးမ်က္မည္းထဲမွာ အသက္ေတာင္ ေကာင္းေကာင္းမရႈႏိုင္ေတာ့လို႔ သူ႔ရဲေဘာ္က သူ႔အိတ္ကို ဝိုင္းသယ္ေပးရတဲ့ အျဖစ္။တစ္ဖြဲ႕လုံး Maxico မွာ စစ္ပညာသင္ထားခဲ့ေပမယ့္ တကယ့္ လက္ေတြ႕ေတာ္လွန္ေရးဆင္ႏႊဲတဲ့အခါမွာေတာ့ Che တို႔ တစ္သိုက္ တိုင္ပတ္ေနခဲ့ၾကတယ္။ အေရးထဲ Fidel ႀကီးက အားရပါးရ ခ်ိန္ၿပီး ရန္သူကို ပစ္ထည့္လိုက္တာ အလြဲႀကီးလြဲသြားေသး . . . ။ဒါေပမယ့္ Che တို႔ရဲ႕ ဦးေဆာင္မႈ တိုးတက္ေျပာင္းလဲမႈေအာက္မွာ လူ ၈၀ နဲ႔ စ ခဲ့တဲ့ ေတာ္လွန္ေရးေလးက တျဖည္းျဖည္း ႀကီးျပင္းလာတာကို ဒီကားမွာ ျမင္သေလာက္ ျမင္ရမယ္။Che ႐ြာသားေတြကို ကိုယ့္မိသားစုဝင္မ်ားပမာ ဆက္ဆံၾကတယ္။ ပိုက္ဆံမေပးပဲ ႐ြာသားေတြဆီက ဘာ ပစၥည္းမွ ယူခြင့္မရွိဘူး။ ေတာ္လွန္ေရးလုပ္တဲ့ သူပုန္တပ္ဆိုေပမယ့္ အရမ္းစည္းကမ္းရွိတယ္။ မုဒိန္းမႈသာ က်ဴးလြန္ၾကည့္ပါလား။ ခ်က္ခ်င္း ေသဒဏ္ေပးခံရမယ္ အဲ့စစ္သား . . ။“ ဆရာ . . ရန္သူ႔တပ္က အေတာ္ စနစ္က်တယ္။ ေဆး႐ုံေတာင္ ရွိတယ္ ” ဆိုတဲ့ အာဏာရွင္ဘက္က တပ္မႉးရဲ႕ ေျပာစကားကို ဒီကားမွာ ၾကားရမယ္။အဲ့ဒါေတြထက္ ပိုႀကီးအေရးႀကီးတာ တစ္ခ်က္ရွိတယ္။ ဘာလဲဆိုေတာ့ ဒီကားကို စစ္ကားလို႔ ယူဆၿပီး ၾကည့္မယ့္သူေတြကို ေျပာခ်င္တာပါ။ အမွားႀကီး မွားသြားပါလိမ့္မယ္ေနာ္။ ဘာလို႔ဆိုေတာ့
စစ္ကားမို႔ ပစ္တာခတ္တာ ဗုန္းကြဲတာေတြကို အရမ္းလွတဲ့ shot ေတြနဲ႔ စစ္သားေတြ စတိုင္မိမိ ေျပးလႊားေနတာေတြ လုံးဝ ျမင္ရမွာ မဟုတ္ပါဘူး။“ သတင္းေထာက္။ ။ ေတာ္လွန္ေရးကို ဘယ္လိုျမင္ပါသလဲ
Che ။ ။ ႀကီးမားတဲ့ ခ်စ္ျခင္းေမတၱာဓာတ္ မရွိပဲ ေတာ္လွန္ေရးကို လုပ္ကို လုပ္လို႔မရပါဘူး ”ဟုတ္ပါတယ္။ အဲ့အတိုင္းပါပဲ။ Che ရဲ႕ စကားလိုပါပဲ . . ဒီ ဇာတ္ၫႊန္းႀကီးတစ္အုပ္လုံးမွာလည္း ခ်စ္ျခင္းေမတၱာ၊ လူသားဆန္မႈ၊ အမွား အမွန္၊ ႐ြာသားေတြနဲ႔ ေတာ္လွန္ေရးစစ္သားေတြရဲ႕ ဆက္ဆံေရး၊ အထူးျဖင့္ Che ရဲ႕ ပုဂၢိဳလ္ေရးဆန္တဲ့ ဘဝကိုသာ ျမင္ရမွာပါ။တစ္ခါတေလ စစ္ပြဲ တစ္ပြဲလုံးကို ေသနတ္ေျပာင္းက က်ည္ထြက္ေနတာပဲ ျပၿပီး ၿပီးရင္လည္း ၿပီးသြားပါတယ္။ စစ္ တကယ္ျဖစ္ေနတာကို ျပရင္လည္း ႐ိုး႐ိုးရွင္းရွင္းႀကီးပဲ ျပပါတယ္။ ဘာမွ မကြန႔္ထားဘူး။ဒီကားရဲ႕ ဇာတ္ၫႊန္းဟာ . . not about ဒုန္းဒုန္းဒက္ဒက္ ပါ။ it’s about loving kindness ပါဗ်ာ . . ။
ဒီေတာ့ ခ်ခန္းပါမွ ႀကိဳက္မယ္ဆိုရင္ေတာ့ Che က ေရွာင္သင့္တဲ့ ကားပါ။×××××××××××* သ႐ုပ္ေဆာင္မ်ား *ကြၽန္ေတာ္တို႔ခ်စ္ရတဲ့ Che ေနရာမွာ သ႐ုပ္ေဆာင္သူကေတာ့ Benicio Del Toro ပါ။Benicio ကို ဒီမွာေတာ့ Sicario ႐ုပ္ရွင္ႏွစ္ကားနဲ႔ လူသိမ်ားတယ္။ Infinity War မွာ The Collector အေနနဲ႔လည္း သိၾကလိမ့္မယ္။
Che ဆိုတဲ့ global icon ႀကီးကို တာဝန္ယူ သ႐ုပ္ေဆာင္ရတဲ့သူျဖစ္လာတဲ့အတြက္ Benicio အတြက္ ေၾကာက္စရာေကာင္းေလာက္ေအာင္ တာဝန္ႀကီးပါတယ္။
ဒါေပမယ့္ Benicio ဟာ Che ျဖစ္လာခဲ့တယ္။ Benicio ဟာ အသံ၊ ႐ုပ္၊ ကိုယ္လုံး စတဲ့ လိုအပ္သမွ် အေျပာင္းအလဲေတြ အကုန္လုပ္ထားတယ္။ Che ဆိုတဲ့ ပုဂၢိဳလ္ကို ေသခ်ာ ေလ့လာထားတယ္။ Che ရဲ႕ စိတ္အတြင္းသႏၲာန္ထဲထိ သူ ဝင္ၾကည့္လို႔ရသေလာက္ ဝင္ၾကည့္ထားပုံရတယ္။သူတို႔ႏွစ္ေယာက္က မ်က္ႏွာေပါက္ဆင္သလား ဆိုေတာ့ အရမ္းမဆင္ပါဘူး။ နီးစပ္တယ္ဆို႐ုံေလာက္ပါပဲ။ ဒါေပမယ့္ Benicio က မိတ္ကပ္၊ physical changes ေတြရဲ႕ အကူအညီလည္း ယူခဲ့သလို စိတ္ဝိညာဥ္ခ်င္းလည္း ကူးလူးခဲ့ပါတယ္။ Benicio နဲ႔ Che ဘယ္ေလာက္ လိုက္ဖက္တယ္ဆိုတာကို ဒီကားမွာ ျမင္ရမွာပါ။ဒါ႐ိုက္တာဟာ ႐ုပ္ခြၽတ္ဆြတ္တူတဲ့သူကို ဦးစားေပးၿပီး Audition ေတြေခၚေနရင္ Benicio လို တကယ့္ talented ျဖစ္တဲ့ သ႐ုပ္ေဆာင္နဲ႔ လြဲေတာ့မွာေပါ့။ ဒီကားကို ၾကည့္ရင္း နားလည္လိုက္တာကေတာ့ ျဖစ္ရပ္မွန္အထုပၸတၱိ ႐ုပ္ရွင္ေတြမွာ casting လုပ္တဲ့အခါ ႐ုပ္တူတာထက္ ပိုအေရးႀကီးတဲ့အရာေတြ အမ်ားႀကီး ရွိတယ္ဆိုတာပါပဲ။တိုက္ပြဲကို လာ ဆက္သြယ္ၿပီး ပါဝင္ခ်င္ပါတယ္ဆိုတဲ့ ၁၆ ႏွစ္သား ကေလးေတြကို Che တစ္ေယာက္ ေခါင္းခါၿပီး အိမ္ျပန္ခိုင္းပုံေတြ . . ႐ြာသားေတြကို ေဆးကုေပးေနပုံေတြ . . အားလပ္ခ်ိန္တိုင္း စာထိုင္ဖတ္ေနသူေတြ . . လက္ကို ေျမာက္ေျမာက္ၿပီး အားနဲ႔မာန္နဲ႔ အသံေအးေအးနဲ႔ စကားေျပာေနတာေတြ စတဲ့ ျမင္ကြင္းေတြကို ကြၽန္ေတာ္တို႔ဟာ Che ေဘးမွာ သြားထိုင္ၾကည့္ေနရသလို တကယ္ ခံစားၿပီး ၾကည့္ရမွာပါ။ ႐ုပ္ရွင္ဆန္တဲ့ drama ခင္းတာေတြ over ေတြ မ်က္လုံးေမွးၿပီး တိုင္းျပည္အတြက္ ဘယ္ေလာက္ခ်စ္ေၾကာင္းေျပာတာေတြ . . အံႀကိတ္ၿပီး ႏိုင္ငံေရးတရား အတုံးလိုက္အတစ္လိုက္ေဟာျပတာေတြ တစ္ခုမွ ျမင္ရမွာ မဟုတ္ပါဘူး။Che တစ္ေယာက္ ေကာင္းရင္လည္းေကာင္းမယ္။ ဆိုးခ်င္လည္း ဆိုးမယ္။ ကိုယ္ စီးလာတဲ့ ျမင္းကို ေဒါသထြက္ၿပီး သတ္ခ်င္လည္း သတ္ပစ္မယ္။ ဒါ အမွန္တရားပဲ။
အဲ့ဒါဟာ ဒီမင္းသားရဲ႕ acting ပညာ အလွတရားလည္း ျဖစ္ပါတယ္။ တန္ခိုးရွင္မဟုတ္တဲ့ အရမ္းလူသားဆန္တဲ့ Che ပါ ဗ်ာ . . ။Fidel Castro အျဖစ္ သ႐ုပ္ေဆာင္တဲ့ Demián Bichir . . ကိုလည္း အရမ္းသေဘာက်တယ္။ ေလးနက္မႈအျပည့္္နဲ႔ Che နဲ႔ စကားေျပာေနတာေတြကို ျမင္ေနရတာ လြန္ခဲ့တဲ့ ႏွစ္ ၅၀ – ၆၀ ဝန္းက်င္က က်ဴးဘားက ေသြးေသာက္ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ chemistry ကို ဆဝါးခြင့္ရတယ္။“ မင္းကို ငါတို႔ ဆုံးရႈံးမခံႏိုင္ဘူး။ မင္းက ငါတို႔အတြက္ အရမ္း အေရးႀကီးတယ္။ အဲ့ေတာ့ ေရွ႕အရမ္းမထြက္ပါနဲ႔။ ဒါ အမိန႔္ပဲ . . . ”ဆိုတဲ့ Fidel က Che ကို အမိန႔္ေပးတဲ့ scene ခုထိ မ်က္လုံးထဲက မထြက္ဘူး။တျခား က်ရာဇာတ္႐ုပ္မွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ၾကတဲ့ လက္တင္၊ ေဟာလီးဝုတ္ မင္းသားေတြ မင္းသမီးေတြကိုလည္း သေဘာက်တယ္။ သူတို႔ေၾကာင့္သာ က်ဴးဘားေတာ္လွန္ေရးႀကီးကို မ်က္စိေရွ႕ျမင္ေနရသလို ခံစားရတာပါ။Che အပါအဝင္ သူတို႔အားလုံးဟာ လက္ေတြ႕မက်တဲ့ ေသနတ္ ႏွစ္လက္ ကိုင္ပစ္တာမ်ိဳး၊ ကြၽမ္းထိုးၿပီး ပစ္တာမ်ိဳး စတဲ့ အက္ရွင္ကားထဲက အကြက္ေတြကို ဘယ္သူမွ မလုပ္ၾကဘူး။ ေသနတ္ေတြ မႏိုင့္တႏိုင္ထမ္းရင္း တတ္ႏိုင္သေလာက္ ေတာ္လွန္ေရးလုပ္ေနၾကတဲ့ စိတ္ထားျဖဴစင္စည္းကမ္းရွိတဲ့ ရဲေဘာ္ေတြကိုပဲ ျမင္ရတယ္။×××××××××××××××* Cinematography (႐ုပ္ရွင္ဓာတ္ပုံ) *Che Movie ရဲ႕ Cinematography ကို တာဝန္ယူသူကေတာ့ ဒီကားရဲ႕ ဒါ႐ိုက္တာ ကိုယ္တိုင္ပါပဲ။ ဒါ႐ိုက္တာတျဖစ္လဲ Cinematographer ဟာ ဒီကားရဲ႕ camera works ေတြကို အ႐ိုးရွင္းဆုံးပုံစံပဲ လုပ္ခဲ့ပါတယ္။ စစ္တိုက္ေနခ်ိန္ေတြမွာကအစ stay shots (ၿငိမ္ေနတဲ့႐ိုက္ခ်က္) ေတြ လႈိင္ေနေအာင္ သုံးတယ္။ tracking / handheld shots ေတြကိုေတာင္ Part Two မွာမွ ေတြ႕ရတယ္။ ကင္မရာကို stay ေထာင္ထားၿပီး ကင္မရာထဲက ေတာ္လွန္ေရးတပ္သားေတြ လႈပ္ရွားသြားလာ ေနၾကတဲ့ ျမင္ကြင္းကို ဒီကားမွာ အၿမဲျမင္ရမွာပါ။ပ်င္းစရာေကာင္းတယ္လို႔ ဆိုႏိုင္ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီဇာတ္ကားနဲ႔ လိုက္ဖက္တဲ့ camera works မ်ိဳးလို႔ ယူဆပါတယ္။ Cinematography ဆိုတာ လွေအာင္ ႐ိုက္ေလ ေကာင္းေလ မဟုတ္ပါဘူးပဲ ႐ုပ္ရွင္နဲ႔ လိုက္ဖက္တဲ့ ႐ိုက္ကူးမႈ ကင္မရာလႈပ္ရွားမႈမ်ိဳးကို ဖန္တီးႏိုင္မွသာ ေကာင္းတယ္လို႔ ယူဆႏိုင္တာပါ မဟုတ္ဘူးလားဗ်ာ။××××××××××××တစ္ခါသားမွာ တိုက္ပြဲတစ္ပြဲကို Che တို႔ ႏိုင္သြားလို႔ ေနာက္တစ္ၿမိဳ႕ကို စစ္ကားေတြနဲ႔ ခ်ီတက္ၾကတယ္။ ရဲေဘာ္တစ္ေယာက္က ကား အေကာင္းစားႀကီးေမာင္းလာတာကို Che က ေတြ႕သြားၿပီး အဲ့ကားေနာက္ အမွီလိုက္တယ္။ ရပ္ခိုင္းတယ္။ ၿပီးေတာ့ ကားကို ပိုင္ရွင္လက္ထဲ ျပန္ထည့္ခိုင္းတယ္။“ မင္းတို႔ေကာင္ေတြကို ဘယ္သူက သူခိုး လုပ္ဖို႔ ခြင့္ေပးထားလဲ . . . ?? အခု ယူခဲ့တဲ့ၿမိဳ႕မွာ ကား ကို ျပန္သြားထား။ ၿပီးရင္ ဘတ္စကား စီးရင္စီး စစ္ကား စီးရင္စီး . . မဟုတ္လည္း ေျခက်င္အတိုင္း ဆက္ လိုက္ခဲ့ ။ ေစာက္ေရးမပါတာ . . ”ဆိုၿပီး စိတ္ပ်က္လက္ပ်က္ ညည္းေနတဲ့ Che ကို ျမင္ရပါလိမ့္မယ္။အဲ့ဒီ scene ကို ၾကည့္ျခင္းအားျဖင့္ Che တို႔ ေတာ္လွန္ေရး ဘယ္ေလာက္စည္းကမ္းရွိတယ္ ဘယ္ေလာက္ ေသဝတ္ပိျပားတယ္ဆိုတာကို ျမင္ေနရတယ္။ သူတို႔ ေတာ္လွန္ေရး ဘယ္ေလာက္ ေကာင္းေၾကာင္း တစ္ခြန္းမွ မေျပာသြားပါဘူး။ ဒါေပမယ့္ ဒီလူေတြရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ တည္ေဆာက္တဲ့ ေတာ္လွန္ေရးကို ခင္ဗ်ား ခံစားရလိမ့္မယ္။ ဒီလူေတြရဲ႕ ျပည္သူေပၚ တန္ဖိုးထားမႈကို ျမင္ရလိမ့္မယ္။လူ႔သမိုင္းရဲ႕ အေကာင္းဆုံးေတာ္လွန္ေရးျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ကို ၾကည့္ရႈခံစားဖို႔ ဝါသနာပါတယ္ဆိုရင္ေတာ့ Che ႏွစ္ပိုင္းလုံးကို ၾကည့္ျဖစ္ေအာင္ ၾကည့္လိုက္ပါ။ မၾကည့္လည္း ရပါတယ္။ Che ကို အနီးကပ္ မျမင္ဖူး႐ုံပဲ ရွိမေပါ့ . . ။
Review Crd
Crd Link

The Mercenary(2019)



The Mercenary(2019)

ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/nejilvsp
File size - 851.32Mb(fastload)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/W2f439
File size - 341.01Mb(fastload)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/1CkOH
File size - 851.32Mb(Yandex)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/w6gsm5Nl
File size - 341.01Mb(Yandex)



Download လုပ်ရန်ခက်ခဲမရှိစေရန်
Gplink ဝင်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် >> https://youtu.be/mfQhgDGaP_E
>>

Yandex linkမှာDownload ရာတွင်အဆင်ပြေအောင် Yandex app မှာ အကောင့်ဖွင့်ပြီး Downပါ
The Mercenary(2019)
unicode
*******
The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား…မက်စ်တို့အဖွဲ့က Central Africaတို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကို ကြေးကြီးကြီးယူပြီးလုပ်ကြတယ်….South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကို အကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်…..အနီးနားက ဘုရားကျောင်းက ဖာသာက သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ် သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့…..ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း
အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်…
နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်
Review CM
Crd Link




zawgyi
******
The mercenaryဆိုတဲ့အဓိပၸာယ္က ေၾကးစားစစ္သား…မက္စ္တို႔အဖြဲ႕က Central Africaတို႔ Columbia တို႔မွာ သူတို႔ကိုခိုင္းတဲ့ လူသတ္မႈေတြကို ေၾကးႀကီးႀကီးယူၿပီးလုပ္ၾကတယ္….South Americaမွာ သူတို႔ mission လုပ္ေနရင္း မက္စ္တစ္ေယာက္ကို အေၾကာင္းတစ္ခုေၾကာင့္ေသၿပီဆိုၿပီး ထားခဲ့ၾကတယ္…..အနီးနားက ဘုရားေက်ာင္းက ဖာသာက သူ႔ကိုကယ္တင္ေစာင့္ေရွာက္ထားခဲ့တယ္ သူ႔က်န္းမာေရးျပန္ေကာင္းလာၿပီးေနာက္ ဘုရားေက်ာင္းမွာပဲ သူ႔ရဲ႕ဘဝကို ေအးေအးခ်မ္းခ်မ္းျဖတ္သန္းေနရင္းနဲ႔မွ ဘာေတြ ျဖစ္လာမလဲဆိုတာ ကိုယ္တိုင္သာ ခံစားၾကည့္ၾကပါေတာ့…..ဒီကားက အက္ရွင္ဆိုတဲ့အတိုင္း
အစမွ အဆုံးထိ နင္းကန္ဗ်င္းပါတယ္…
နင္းကန္ဗ်င္းတာႀကိဳက္တဲ့သူေတြအတြက္ေတာ့ ေဒါင္းၾကည့္ၾကပါလို႔ လက္တို႔လိုက္ပါတယ္…ဇာတ္လမ္းအၫႊန္းနဲ႔ ဘာသာျပန္သူကေတာ့ Cynthia ပဲျဖစ္ပါတယ္…
Review CM
Crd Link

Apparition (2019)


Apparition (2019)


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/FEQM9O2c
File size - 595.83Mb



ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/0TeEGB4v
File size - 595.83Mb



Download လုပ်ရန်ခက်ခဲမရှိစေရန်
Gplink ဝင်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် >> https://youtu.be/mfQhgDGaP_E
>> 


Apparition (2019)
°°°°°°°°°°°°°°°°°
Unicode
******
ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးအတွက်
Preston School of Industry ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့
Apparition ဆိုတဲ့ ထိတ်လန့်သဲဖိုဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ………
ဒါရိုက်တာကြီး Watmon Boone ရိုက်ကူးထားတာဖြစ်ပြီး 2019 Dec မှာထွက်ရှိထားတာပါ….
ဒီဇာတ်ကားလေးမှာတော့ Sam တို့ Derek တို့ သူငယ်ချင်းတစ်စုကနေ ဝိညာဉ်လောကနဲ့ဆက်သွယ်လို့ရတဲ့
application လေးကိုစမ်းကြည့်ရင်းနဲ့ တမလွန်လောကနဲ့ ချိတ်ဆက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေကြုံရမလဲဆိုတာတော့
အခုပဲ Down ကြည့်ပြီး ရှုစားလိုက်ရအောင်လားးးးးးးးးးးးးး
Review Fof
Crd Link



Zawgyi
******
ဒီတစ္ခါမွာေတာ့ ပရိတ္သတ္ႀကီးအတြက္
Preston School of Industry ကျဖစ္ရပ္မွန္ကို အေျခခံၿပီးရိုက္ကူးထားတဲ့
Apparition ဆိုတဲ့ ထိတ္လန႔္သဲဖိုဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးပါရေစ………
ဒါရိုက္တာႀကီး Watmon Boone ရိုက္ကူးထားတာျဖစ္ၿပီး 2019 Dec မွာထြက္ရွိထားတာပါ….
ဒီဇာတ္ကားေလးမွာေတာ့ Sam တို႔ Derek တို႔ သူငယ္ခ်င္းတစ္စုကေန ဝိညာဥ္ေလာကနဲ႔ဆက္သြယ္လို႔ရတဲ့
application ေလးကိုစမ္းၾကည့္ရင္းနဲ႔ တမလြန္ေလာကနဲ႔ ခ်ိတ္ဆက္မိၿပီး ဘယ္လိုထိတ္လန႔္စရာေတြၾကဳံရမလဲဆိုတာေတာ့
အခုပဲ Down ၾကည့္ၿပီး ရႈစားလိုက္ရေအာင္လားးးးးးးးးးးးးး
Review Fof
Crd Link

Asako I & II(2018)

Asako I & II(2018)




ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/HH1XMc
File size - 950.87Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/Vd3oX
File size - 390.51Mb

ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/QoKYsrV
File size - 950.87Mb(Yandex)

ဇာတ်ကားကိုဒီမှာဒေါင်းပါ - https://gplinks.in/GGLw
File size - 390.51Mb(Yandex)



Download လုပ်ရန်ခက်ခဲမရှိစေရန်
Gplink ဝင်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် >> https://youtu.be/mfQhgDGaP_E


Yandex linkမှာDownload ရာတွင်အဆင်ပြေအောင် Yandex app မှာ အကောင့်ဖွင့်ပြီး Downပါ
Asako I & II(2018)
************

အာဆာကိုဆိုတဲ့ကောင်မလေးတစ်ယောက် ဓာတ်ပုံပြပွဲတစ်ခုကိုသွားကြည့်ရင်း အမှတ်မထင်
ဘတ်ခုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံမိပြီး သူတို့(၂)ဦးဟာ မြင်မြင်ချင်းပဲ ချစ်မိသွားကြတယ်။ဘတ်ခုဆိုတဲ့ကောင်လေးဟာ လူထူးဆန်းကောင်လေးတစ်ယောက်ပါ..
ဘာလို့ဆို သူဟာ ဘယ်သူ့မှ မ ပြောဘဲ ပျောက်ချင်ရာပျောက်နေတတ်တဲ့သူ….
တစ်ခါတစ်လေ အိမ်ကနေ မပြောမဆိုနဲ့ထွက်သွားရင်း တစ်လ ကိုးသီတင်းလောက် ပျောက်ချင်ပျောက်နေတတ်သည်။
အိမ်သားများအတွက် မထူးဆန်းတော့။
ဒီလိုနဲ့ ၆ လလောက်ကြာတော့ ဘတ်ခုတစ်ယောက် ပျောက်ချင်းမလှ ပျောက်ပြီး ပြန်ပေါ်မလာတော့။အာဆာကိုဆိုတဲ့ကောင်မလေးအတွက်တော့ ကြေကွဲခြင်းတွေ ထွေးပိုက်ပြီး
ကျန်ခဲ့ရတာပေါ့….
၂ နှစ်လောက်ကြာပြီးနောက် အာဆာကို တစ်ယောက် အံအားသင့်စရာတစ်ခုနဲ့ကြုံရတယ်…ပျောက်သွားတဲ့ ချစ်သူနဲ့တစ်ထေရောထဲတူတဲ့ ကောင်လေးတစ်ယောက်နဲ့
ဆုံခဲ့ရသလို သူပျောက်ပြီလို့ ထင်တဲ့ ချစ်သူကလည်း ပြန်ရောက်လာတဲ့နောက်မှာတော့….
ဘာတွေဆက်ဖြစ်ကြမလဲ ခံစားကြည့်ကြပါ…ဒီကားက အချစ်ရိုမန့်ကားလေးဖြစ်သလို
မင်းသားရော မင်းသမီးရော ချောမောလှပကြပါတယ်…တကယ့်ကို ရင်ခုန်စိတ်ကြည်နူးရတဲ့ကားလေးပါ.ပြီးတော့ ဒီဇာတ်ကားဟာ 2019 ခုနှစ်အတွက် Asian Film Awards မှာ
ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၄)ဆုနဲ့ ဆန်ကာတင်(၁၀)ဆုလည်းစာရင်း
ဝင်ခဲ့တယ်…..ခံစားကြည့်ကြပါဦး….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်…..
Review Cm
Crd Link